Logical & Comparison Operators
ဒီ article မှာတော့ Operators တွေအကြောင်းကိုရေးသွားမှာဖြစ်ပါတယ်။ Logical and Comparison operators တွေကိုများသောအားဖြင့် data ဆွဲထုတ်တဲ့ queries တွေမှာအသုံးပြုကြပါတယ်။ Operators ဆိုလို့ထူးထူးဆန်းဆန်းတော့မဟုတ်ဘူး၊ အများစုကို အရှေ့ကအပိုင်းတွေမှာတွေ့ပြီးသားဖြစ်ပါတယ်၊ section တစ်ခုအနေနဲ့သီးသန့်ဖော်ပြချင်တဲ့အတွက်သာရေးလိုက်ခြင်းဖြစ်ပါတယ်။ Easy going ဖြစ်တဲ့အတွက် သိပြီးသား query တွေအတွက်ကျနော် screenshots တွေမထည့်ပေးထားပါဘူး။
Logical Operators
AND
AND keyword ကိုတော့တစ်ခုထက်ပိုတဲ့ conditions တွေကိုချိတ်ဆက်ပြီး data ဆွဲချင်တဲ့အချိန်မှာအသုံးပြုပါတယ်။ သုံးနေကျ students table က အသက် 20 ဖြစ်ပြီး Computer Science major ယူထားတဲ့ကျောင်းသားကိုထုတ်ကြည့်ရအောင်။
SELECT * FROM students
WHERE major = 'Computer Science'
AND age = 20;OR
OR ကတော့တစ်ခုထက်ပိုတဲ့ conditions တွေထဲကမှ တစ်ခုခုက valid ဖြစ်တယ်ဆိုရင် data ဆွဲထုတ်ချင်တဲ့နေရာမှာသုံးပါတယ်။ students table ထဲကနေ major က Physics သို့မဟုတ် (OR) Mathematics ဖြစ်တဲ့ကျောင်းသားတွေကိုဆွဲထုတ်ကြည့်ရအောင်။
SELECT * FROM students
WHERE major = 'Mathematics'
OR major = 'Physics';NOT
NOT ကိုတော့ ဒီ condition ကလွဲလို့ကျန်တဲ့ data ကအကုန်ပြပေးပါဆိုတဲ့အခြေအနေတွေမှာအသုံးပြုပါတယ်။ သိပ်မသုံးလောက်ဘူးထင်ရပေမယ့် အသုံးဝင်တဲ့ထဲမှာပါပါတယ်။ studentstable ထဲမှာ Chemistry major ကကျောင်းသားလွှဲလို့ကျန်တဲ့ကျောင်းသား data အကုန်ဆွဲထုတ်ချင်တယ်ဆိုပါစို့။
SELECT * FROM students
WHERE NOT major = 'Chemistry';LIKE
% sign ကိုအသုံးပြုပြီး pattern ကိုက်ညီတဲ့ data တွေကိုဆွဲထုတ်လိုတဲ့အချိန်မှာအသုံးပြုပါတယ်၊ Search လုပ်တယ်လို့လဲခေါ်နိုင်ပါတယ်။ % sign နဲ့ပတ်သတ်တဲ့ pattern အသေးစိတ်ကိုအရှေ့ပိုင်းတွေမှာပြောခဲ့ပါတယ်၊ မေ့နေရင်ပြန်ရှာဖတ်နိုင်ပါတယ်။
students table ထဲက name ဆိုတဲ့ column မှာ John ဆိုတဲ့စာသားပါတဲ့ data တွေကိုဆွဲထုတ်ချင်တယ်ဆိုပါစို့။

NOT LIKE
LIKE keyword ရဲ့ပြောင်းပြန်ပဲပေါ့။ LIKE ကကိုက်ညီတဲ့စာသားကိုပြတယ်၊ NOT LIKE ဆိုရင်တော့အဲ့ဒီ pattern (စာသား) မပါတဲ့ data တွေကိုပြမယ်။
students table ထဲမှာ name column က Alice ဆိုတဲ့စာသားမပါတဲ့ data တွေကိုလိုချင်တယ်ဆိုအောက်ကအတိုင်း NOT LIKE ကိုသုံးပြီးရေးနိုင်ပါတယ်။

Comparison Operators
Equal (=)
နှိုင်းယှဉ်ကြည့်ပြီး တူညီတဲ့တန်ဖိုးရှိတဲ့ data တွေကိုဆွဲထုတ်နိုင်ပါတယ်။ students table ထဲမှာ age ဆိုတဲ့ column က 21 ဖြစ်တဲ့ data တွေကိုလိုချင်တယ်ဆိုပါစို့။
Not Equal (<>)
Equal = နဲ့ပြောင်းပြန်ဖြစ်သွားပါမယ်။ နှိုင်းယှဉ်ကြည့်ပြီးမတူညီတဲ့ data ပေါ့။ students table ထဲမှာ major column က Physics မဟုတ်တဲ့ data တွေကိုလိုချင်တယ်ဆိုအောက်ကအတိုင်းရေးနိုင်ပါတယ်။
Greater Than (>), Less Than (<)
နှိုင်းယှဉ်ကြည့်ပြီး ကြီးသလား၊ ငယ်သလားဆိုတဲ့ condition ပေါ်မူတည်ပြီး data တွေဆွဲထုတ်နိုင်ပါတယ်။ students table ထဲမှာ age column ကို 22 ထက်ငယ်တဲ့ data တွေကိုလိုချင်တယ်။
22ထက်ကြီးတဲ့ data လိုချင်တယ်ဆိုရင်တော့ greater than > sign ကိုသုံးနိုင်ပါတယ်။
Greater Than or Equal To (>=), Less Than or Equal To (<=)
ကြီးပြီးတော့တူတယ်၊ ငယ်ပြီးတော့တူတယ် ဆိုတဲ့ conditions တွေရှိတဲ့အချိန်မှာ >=, <= signs တွေကိုသုံးပါတယ်။
students table ထဲမှာ age column တန်ဖိုးက 20 ထက်ကြီးရမယ်၊ တူလည်းရတယ် ဆိုတဲ့အခြေအနေမှာအောက်က query လိုမျိုးအသုံးပြုနိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ Logical & comparison operators တွေဟာအခြေခံကျပြီး နေ့တဓူဝအသုံးပြုမယ့် queries တွေထဲပါဝင်ပါတယ်။ ရေးရတာလွယ်ကူပေမယ့် အသုံးဝင်တဲ့အရာတွေမို့လို့ သေချာလေးမိမိဘာသာထပ်ပြီးတော့လေ့ကျင့်ထားစေချင်ပါတယ်။
Last updated
Was this helpful?