DATE & TIME

ဒီအပိုင်းမှာတော့ date, time ရဲ့ data type အကြောင်းနဲ့အသုံးပြုပုံ functions တွေအကြောင်းကိုရေးသွားမှာဖြစ်ပါတယ်။

DATE, TIME data type အသစ်တွေကိုစမ်းမှာဖြစ်တဲ့အတွက်လက်ရှိရှိပြီးသား students table ကိုဖြုတ်ချပြီး table အသစ်ဆောက်လိုက်ပါမယ်။

dnt

column အသစ်သုံးခုထည့်ပါမယ်။ birth_date ကို Date class_time အတန်းထဲရှိတဲ့အချိန်ကို TIME last_updated လက်ရှိ record/row ကိုနောက်ဆုံးပြင်ဆင်ထားချိန်ကို DATETIME အဖြစ်သတ်မှတ်ပေးထားလိုက်ပါတယ်။ သုံးမျိုးလုံးကိုစမ်းပြပေးချင်လို့ပါ။

အောက်က CREATE query နဲ့ data ထည့်မယ့် INSERT query ကိုအသုံးပြုနိုင်ပါတယ်။

dnt

များသောအားဖြင့်ကျနော်တို့မြင်တွေ့ရမယ့် type ပုံစံတွေက DATE (နေ့စွဲ) TIME (အချိန်) DATETIME (နေ့စွဲ+အချိန်)

Format ကတော့ DATE ဆို (YYYY-MM-DD) TIME ဆို (HH:MI:SS) DATETIME ဆို (YYYY-MM-DD HH:MI:SS) ဆိုပြီးရှိပါတယ်။ ဒီ format အထားအသိုကိုလည်းလိုသလိုပြောင်းနိုင်ပါတယ်။

Keyword တွေကအသုံးပြုတဲ့ DBMS ပေါ်လိုက်ပြီးတော့ပြောင်းနိုင်တာကိုလည်းသတိချပ်ထားရပါတယ်။ အခုကျနော်တို့က MySQL ကိုသုံးနေတာဖြစ်ပါတယ်။

NOW, CURRENT_DATE, CURRENT_TIMESTAMP

လက်ရှိအချိန်၊နေ့ရက်တွေကိုရချင်တယ်ဆို ဒီ function တွေကိုအောက်ကလိုအသုံးပြုနိုင်ပါတယ်။

dnt

dnt
dnt

TIMESTAMPDIFF

အချိန်ကွာခြားချက်ကိုသိနိုင်ဖို့အတွက် TIMESTAMPDIFF ကိုအသုံးပြုနိုင်ပါတယ်။

ကျောင်းသားတွေရဲ့အသက်ကိုတွက်ကြည့်ရအောင်။ တွက်ဖို့ဆိုလက်ရှိအချိန်နဲ့ birth_date column ကိုတန်ဖိုးကွာခြားချက်ကို YEAR ဆိုတဲ့ filter နဲ့ချလိုက်မယ်ဆိုကျောင်းသားတွေရဲ့ လက်ရှိအသက်ရလာနိုင်ပါတယ်။ အောက်ကရေးပုံကိုကြည့်နိုင်ပါတယ်။

dnt

ဒီတစ်ခါအသက်တွေကို YEAR နဲ့မဟုတ်ဘဲ MONTH နဲ့ကြည့်ရအောင်။ YEAR keyword အစား MONTH ဆိုတဲ့ keyword ကိုအစားထိုးအသုံးပြုနိုင်ပါတယ်။

dnt

DATE_ADD, DATE_SUB

နေ့ရက်အချိန်တွေကိုပေါင်းခြင်း၊ နုတ်ခြင်းတို့လည်းလုပ်ဆောင်နိုင်ပါတယ်။ ပေါင်းတာနုတ်တာမြင်သာအောင် query မ run ခင်အရင် select * နဲ့ အချိန်၊နေ့စွဲတွေကိုကြည့်ထားနိုင်ပါတယ်။

last_updated ဆိုတဲ့ column ရဲ့တန်ဖိုးကို အချိန် ၂ နှစ်ထည့်ပေါင်းကြည့်ရအောင်။

dnt

class_time column ရဲ့အချိန်တန်ဖိုးထဲကမိနစ်သုံးဆယ်နုတ်ကြည့်ရအောင်။

dnt

EXTRACT

column ထဲက date time တန်ဖိုးထဲကမှကိုယ်လိုချင်တဲ့အပိုင်းကိုပဲထုတ်ယူလို့လည်းရပါတယ်။ ဥပမာ YYYY-MM-HH ထဲ က YYYY ကိုလည်းလိုချင်တယ်၊ MM ပဲလိုချင်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာ EXTRACTကိုသုံးနိုင်ပါတယ်။

birth_date column ထဲကမှ year ကိုပဲဆွဲထုတ်ကြည့်ကြည့်ရအောင်။

dnt

class_time column ထဲက hour ကိုပဲဆွဲထုတ်ကြည့်ရအောင်။

dnt

DATE_FORMAT

အရှေ့မှာ date, time format တွေကိုလိုသလိုပြောင်းလို့ရတယ်လို့ကျနော်ပြောခဲ့ပါတယ်။ DATE_FORMAT ဆိုတဲ့ function ကိုသုံးပြီးတော့ပြောင်းနိုင်ပါတယ်။

birth_date ကို format နောက်တစ်မျိုးဖြစ်တဲ့ Month DD, YYYY အဖြစ်ပြောင်းကြည့်ပါမယ်။

dnt

last_updated ကိုလည်း YYYY-MM-DD HH:MI AM/PM အဖြစ်ပြောင်းကြည့်ပါမယ်။

dnt

class_time ကိုလည်း HH:MI AM/PM အဖြစ်ပြောင်းကြည့်ပါမယ်။

dnt

တစ်ခြားသော function တွေလည်းများစွာရှိပါသေးတယ်၊ ကျနော်လိုသလောက်ပဲထုတ်နုတ်ထားလိုက်တာပါ။အခုအပိုင်းကအရင်ရေးခဲ့တဲ့ queries တွေနဲ့မတူဘဲနည်းနည်းလေးခက်ကောင်းခက်နိုင်ပါတယ်။ function တွေအသုံးပြုတာပါလာတာရယ်၊ format လေးတွေပါလာတာရယ်ကြောင့်ပါ။ သို့ပေမယ့် များများလေ့ကျင့်လိုက်ရင်တော့ကျင့်သားရလာမှာပါ။

DATE & TIME data တွေကမရှိမဖြစ်ပါလေ့ရှိတာကြောင့် ကိုယ်လိုသလိုဆွဲထုတ်ချင်လာတဲ့အချိန်မှာအခုပြောခဲ့တဲ့အရာလေးတွေကအသုံးဝင်လာမယ်လို့ထင်ပါတယ်။

Last updated

Was this helpful?