githubEdit

Data Manipulation Language

Database ထဲမှာရှိတဲ့ data တွေကိုလိုသလိုပြင်ဆင်ဖို့အတွက်(Manipulationလုပ်ဖို့အတွက်)အသုံးပြုပါတယ်။ DML queries တွေမှာ အဓိကအားဖြင့် SELECT, INSERT, UPDATE, DELETE keyword တွေကိုတွေ့ရမှာဖြစ်ပါတယ်။

SELECT နဲ့ INSERT query ကိုတော့ရှေ့အပိုင်းတွေမှာလည်းတွေ့ပြီးသားဖြစ်တဲ့အတွက် ဒီအပိုင်းမှာတော့ UPDATE, DELETE queries တွေကိုအာရုံစိုက်ပြီးကြည့်သွားကြပါမယ်။

INSERT

အရှေ့အပိုင်းမှာသုံးခဲ့တဲ့ products table ကိုဆက်သုံးကြရအောင်။ select အရင်ဆွဲကြည့်မယ်၊ records 8ကြောင်းရှိတာကိုတွေ့ပါမယ်၊ INSERT query ပြန်နွေးတဲ့အနေနဲ့ တစ်ကြောင်းထပ်ထည့်ကြည့်ပါမယ်။

INSERT INTO products VALUES(9, 'Tablet', 'Electronics', 500, 50, 'SupplierA');

DML1

UPDATE

Table ထဲမှာရှိတဲ့ data တွေကို update လုပ်ကြပါမယ်။ UPDATE ဆိုတဲ့ command ကိုသုံးပါတယ်။

Schema

Products table ထဲမှာရှိတဲ့ product_name က Smartphone ဖြစ်တဲ့ records တွေရဲ့ price တန်ဖိုးကိုပြင်ကြည့်ပါမယ်။ ဒါဆို query ကဒီလိုဖြစ်ပါမယ်။

select နဲ့ပြန်ခေါ်ကြည့်မယ်ဆို product_name က Smartphone ဖြစ်တဲ့ record ရဲ့ price တန်ဖိုးပြောင်းသွားတာကိုမြင်နိုင်မှာဖြစ်ပါတယ်။ select ဆွဲတဲ့နေရာမှာလေ့ကျင့်တဲ့အနေနဲ့ အောက်က screenshot ကိုမကြည့်သေးဘဲမိမိဘာသာစမ်းပြီးရေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

Schema select * from table_name where condition

DML2

product_name က Desk ဖြစ်တဲ့ records တွေရဲ့ stock_quantity တန်ဖိုးကိုထပ်ပြီးပြင်ဆင်ကြည့်ပါမယ်။

ထုံးစံအတိုင်း update query ရဲ့ result ကို select query ပြန်ရေးပြီးကြည့်နိုင်ပါတယ်။

DML3

ဒီတစ်ခါတော့ value set လုပ်တဲ့နေရာမှာ calculation လုပ်ပြီးပြင်ဆင်ကြည့်ရအောင်။

category က Electronics ဖြစ်တဲ့ records တွေရဲ့ stock_quantity တန်ဖိုးကို မူလရှိရင်းစွဲတန်ဖိုးထက် ၁၀ခုပေါင်းထည့်ချင်တယ်ဆိုပါစို့၊ ဒီလိုမျိုးရေးနိုင်ပါတယ်။

အလားတူအခြားသော ပေါင်း၊နုတ်၊မြောက်၊စား signs တွေလည်းသုံးနိုင်ပါတယ်။

DML4

အောက်က example မှာတော့ multiplication sign ကိုသုံးပြထားပါတယ်။ category က Clothing ဖြစ်တဲ့ records တွေရဲ့ price ကိုနှစ်ဆတင်ပြထားပါတယ်။

DML5

DELETE

Schema

product_name က Shoes ဖြစ်တဲ့ records တွေကိုဖျက်ချပါမယ်။ ဒါဆို query ကဒီလိုဖြစ်ပါမယ်။

ပျက်သွားလားဆိုတာကို select ပြန်ဆွဲပြီးကြည့်နိုင်ပါတယ်။ Delete ချတဲ့နေရာမှာ WHERE condition မလိုက်လို့လည်းရပါတယ်။ မလိုက်ဘူးဆိုရင်တော့ table ထဲမှာရှိတဲ့ data တွေအကုန်ပျက်သွားမှာဖြစ်ပါတယ်။

DML6

အရှေ့မှာ example တွေပြခဲ့တဲ့အတိုင်း WHERE condition တွေနောက်မှာ filter လုပ်တဲ့ signs တွေလိုက်နိုင်ပါတယ်(=, <, > etc.)။ DELETE query တွေမှာလည်းဒီလို filter တွေလုပ်ပြီးသုံးနိုင်ပါတယ်။

stock_quantity 30 အောက်ရောက်နေတဲ့ records တွေဖျက်ချင်တယ်ဆိုပါစို့။

DML7

အရှေ့က DQL မှာရေးခဲ့တဲ့ NULL, NOT NULL ဒီလို filter တွေခံပြီးတော့လည်းသုံးနိုင်ပါတယ်။ ဥပမာ supplier တန်ဖိုးက NULL ဖြစ်နေတဲ့ records တွေကိုဖျက်ချင်တယ်ဆို

DML ရဲ့ကြောရိုးက ဒီ command ၄ခုပဲဖြစ်ပါတယ်။ သဘောတရားကိုအရင်နားလည်စေချင်တဲ့အတွက်ရိုးရှင်းတဲ့ example queries တွေနဲ့ပဲရေးပြပေးထားပါတယ်။

DDL, DQL, DML ရဲ့သဘောတရားကိုနားလည်သွားပြီဆိုနောက်အပိုင်းတွေမှာပိုပြီး advanced ဖြစ်တဲ့ queries ကိုလေ့လာသွားကြပါမယ်။

advanced ဖြစ်တဲ့ queries လို့ဆိုပေမယ့်လည်းလေ့လာခဲ့တဲ့ DDL, DQL, DML ဆိုတဲ့ category သုံးခုပေါ်မှာပဲ based လုပ်သွားမှာဖြစ်တဲ့အတွက်လေ့လာရလွယ်ကူမှာဖြစ်ပါတယ်။

Last updated