githubEdit

Data Definition Language

Data Definition လို့ဆိုတဲ့အတိုင်း DDL သည် database ရဲ့ structure တွေကိုသတ်မှတ်တည်ဆောက်ခြင်း၊ ပြောင်းလဲခြင်းတွေပြုလုပ်တဲ့ query တွေအတွက်သတ်မှတ်ထားတဲ့ category ဖြစ်ပါတယ်။ Database တစ်ခုတည်ဆောက်တဲ့နေရာမှာအရေးပါတဲ့ table, column data structure တွေကိုစီမံခန့်ခွဲခြင်း၊ data integrity ကောင်းရန်အတွက် အခြားသောလိုအပ်တဲ့ စည်းမျဉ်းများကို define လုပ်ရန်အတွက်အသုံးပြုပါတယ်။ data integrity ကိုအဓိပ္ပါယ်ရှိပြီးမှန်ကန်တဲ့ dataတွေလို့အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။

DDL ကိုဝါကျတစ်ကြောင်းတည်းနဲ့နားလည်အောင်ပြောရမယ်ဆို Database တစ်ခုရုပ်လုံးပေါ်လာအောင် structure တွေသတ်မှတ်(define) လုပ်ပေးရတဲ့ query များဆိုပြီးပြောနိုင်မယ်ထင်တယ်။ ဒီအပိုင်းမှာတော့အရေးကြီးပြီးအသုံးများတဲ့ DDL queries တွေကိုလေ့လာသွားကြပါမယ်။

CREATE DATABASE: Defining a New Database

စမ်းချင်တာတွေစမ်းဖို့အတွက် ddl_test ဆိုတဲ့ database တစ်လုံးအရင်တည်ဆောက်လိုက်ရအောင်။

CREATE DATABASE ddl_test;
creating db

CREATE TABLE: Defining a New Table

အရှေ့အပိုင်းမှာကျနော်တို့တွေ့ခဲ့ပြီးသားဖြစ်ပါတယ်။ database ထဲမှာ table တစ်လုံးတည်ဆောက်ရန်အတွက်အသုံးပြုပါတယ်။ လိုအပ်တဲ့ column နာမည်၊ structure တို့ကို define လုပ်ပြီးတည်ဆောက်နိုင်ပါတယ်။

Schema:

Students ဆိုတဲ့ table တစ်လုံးတည်ဆောက်ရအောင်။

Query

SHOW TABLES; နဲ့ပြန်ပြီးစစ်ကြည့်နိုင်ပါတယ်။

creating table

ALTER TABLE: Modifying Table Structure

ရှိပြီးသား table ရဲ့ structure ကိုပြောင်းလဲ ALTER TABLE ဆိုတဲ့ command ကိုအသုံးပြုပါတယ်။ table ထဲကို column အသစ်ထည့်တာ၊ ရှိပြီးသား column name ကိုပြောင်းတာ၊ column ကိုဖျက်တာစသည်ဖြင့်လုပ်ဆောင်နိုင်ပါတယ်။

Adding a new column (column အသစ်ထည့်ခြင်း)

Schema

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

alter_col_add

Changing column name (column အမည်ပြောင်းခြင်း)

Schema

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

alter_col_rm

Dropping a column (column ဖျက်ခြင်း)

Schema

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

alter_drop_col

DROP TABLE: Removing a Table (Table ဖျက်ခြင်း)

Table တစ်လုံးကိုဖျက်ချင်တဲ့အချိန်မှာတော့ DROP TABLE command ကိုအသုံးပြုနိုင်ပါတယ်။ table ထဲမှာသိမ်းဆည်းထားတဲ့ data တွေပါဖျက်တာဖြစ်တဲ့အတွက် ဂရုပြုဖို့လိုအပ်ပါတယ်။

Schema

Query

remove table

Constraints: Ensuring Data Integrity

Table column တွေသတ်မှတ်တဲ့အချိန် data integrity ရှိဖို့အတွက်အပြင် business logic အရ constraints ဆိုတာမျိုးတွေထည့်ပေးဖို့လိုအပ်တဲ့အချိန်တွေရှိပါတယ်။ constraints အကြောင်းကိုအောက်က query တွေကြည့်ပြီးဆက်လေ့လာသွားကြပါမယ်။

PRIMARY KEY Constraint:

PRIMARY KEY ဆိုတဲ့ constraint ပေးလိုက်တဲ့ column ဟာ record တိုင်းမှာ unique (မထပ်စေရ) ဖြစ်ပြီးတော့ NULL မဖြစ်ရဘူးဆိုပြီး define လုပ်ခြင်းခံလိုက်ရပါတယ်။

Table ထဲမှာရှိတဲ့ column တစ်ခုကို primary key အဖြစ်သတ်မှတ်လိုက်မယ်ဆို အဲ့ဒီ column ဟာ record တိုင်းမှာ unique ဖြစ်သွားမယ် (duplicate value မရှိတော့ဘူးလို့ဆိုလိုခြင်း)၊ column value ကို null value အလွတ်ထည့်ပေးလို့မရတော့ပါဘူး။

Schema

students table ကိုအရင်ဖျက်ပါမယ်။ students table မှာ student_id ကို Primary key constraint ထည့်ပြီးတော့ဆောက်ကြည့်ပါမယ်။

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

const_primary

FOREIGN KEY Constraint:

DDL အကြောင်းရေးရင်းနဲ့မို့ တစ်လက်စတည်း FOREIGN KEY အကြောင်းပါထည့်ရေးလိုက်တာပါ။ အခုဖတ်တဲ့အချိန်နားလည်ရခက်နိုင်ပေမယ့် relationships လုပ်ရတဲ့ query တွေလေ့လာတဲ့အချိန်မှာပိုနားလည်လာပါလိမ့်မယ်။ FK ဆိုတာကတော့ column တစ်ခုရဲ့ value ကိုသုံးပြီးတော့ table တစ်လုံးနဲ့တစ်လုံးချိတ်ဆက်တဲ့နေရာမှာအသုံးပြုပါတယ်။

students table အပြင် clubs ဆိုတဲ့နော် table တစ်ခု create လုပ်ရအောင်။ ကျောင်းသားတစ်ယောက်က book club, chess club စသည်ဖြင့် club တစ်ခုခုနဲ့ချိတ်ဆက်နိုင်တဲ့ဆိုတဲ့သဘောပေါ့ဗျာ။

DROP TABLE students; ပြီးရင်လက်ရှိ club_id ဆိုတဲ့ column ထပ်ဖြည့်ပြီး students ပြန် create လုပ်ပါမယ်။ students table ထဲက club_id ကို FK အဖြစ်သတ်မှတ်ပြီး clubs ဆိုတဲ့ table ရဲ့ primary key club_id ကိုလှမ်း reference လုပ်လိုက်ပါမယ်။

Schema

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

const_fk_des

ကိုယ်ဆောက်ခဲ့တဲ့ reference key ဝင်မဝင်ဆိုတာကို SHOW CREATE TABLE သုံးပြီးကြည့်ရင်ပိုမြင်နိုင်ပါတယ်။

const_fk_ref

NOT NULL Constraint:

Column value ကို NULL အထည့်မခံစေချင်တဲ့အချိန်မှာတော့ NOT NULL constraint ကိုအသုံးပြုပါတယ်။

Schema

students table ကိုပြန်ဖျက်ပြီး name column ကို NOT NULL သုံးပြီးပြန်တည်ဆောက်ကြည့်ရအောင်။ ကျနော် students table ကိုပြန်ဖျက်ပြီးသုံးနေရတာက လောလောဆယ်မှာ table, column နာမည်တွေနဲ့မရှုပ်သွားစေချင်တာရယ်၊ ALTER command သုံးပြီးလုပ်လို့ရပေမယ့်လိုက်လုပ်ရတာခက်သွားမှာစိုးရိမ်မိလို့ပါ။

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

const_notnull

DEFAULT Constraint:

Data insert လုပ်တဲ့အချိန်မှာ NULL value ပါလာတဲ့အခါအစားထိုးအနေနဲ့သွင်းဖို့ default value တစ်ခုခု define လုပ်တဲ့နေရာမှာအသုံးပြုပါတယ်။

Schema

Students table ကိုပြန်ဖျက်ပြီး age column ကို DEFAULT သုံးပြီးပြန်တည်ဆောက်ကြည့်ရအောင်။ age value က null ဖြစ်ပြီဆို 14 ကို default အနေနဲ့ထည့်ပေးမယ်ဆိုတဲ့သဘောပါ။

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

const_default

UNIQUE Constraint:

Table ထဲမှာပါတဲ့ columns တွေထဲမှာမှ unique ဖြစ်စေချင်တဲ့ column ရှိတဲ့အခါမှာအသုံးပြုပါတယ်။

Schema

Students table ကိုဖျက်ပြီးတော့ name column ကို unique constraint ပေးပြီးပြန် create လုပ်ကြည့်ပါမယ်။

Query

DESCRIBE keyword ကိုသုံးပြီးပြန်စစ်ကြည့်နိုင်ပါတယ်။

const_unique

အသုံးများတဲ့ DDL queries တွေဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ တိကျသေချာတဲ့ database schema တစ်ခုထွက်လာအောင်တည်ဆောက်တဲ့နေရာမှာ DDL ကိုကျွမ်းကျင်ဖို့က အလွန်အရေးပါပါတယ်။ နောက်အပိုင်းမှာ DQL အကြောင်းကိုဆက်လေ့လာသွားကြပါမယ်။

Last updated